Tuesday, October 15, 2013

ဘ၊က ကျောင်းစာရင်း (သာထွန်းပြန့် ၂၀၁၁-၂၀၁၂)

မူလတန်းကျောင်း           - ၁၁၀၈
မူလွန်ကျောင်း                - ၂၉၃
အလယ်တန်း                 - ၁၁၂
အထက်တန်း                 - ၂

စုစုပေါင်း                        - ၁၅၁၅ ကျောင်း

မန္တလေးတိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများစာရင်း

မေလ (၈) ရက် ၂၀၁၃ ခုနှစ်စာရင်း
မူလတန်း               - ၂၂၉ ကျောင်း
                           - ၄၅၃၈၀ ကျောင်းသား
မူလွန်နှင့် အလယ်    - ၁၀၁ ကျောင်း
                           - ၁၃၃၄၉ ကျောင်းသား
အထက်တန်း          - ၂ ကျောင်း
                           - ၄၁၆၅ ကျောင်းသား

iLEAP International Fellowship Program



Home Stay Host Families တွေကို ဂုဏ်ပြုတဲ့ပွဲမှာ ပါ။

Sunday, October 13, 2013

မသန်စွမ်းကျောင်းနေသူ ကလေးဦးရေ

၂၀၀၅ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မသန်စွမ်းကလေးများဆိုင်ရာ ပညာရေးစစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၅ နှစ် ကျောင်းနေအရွယ်ကလေးများအနက် ၅၁၁၁၄ ဦးမှာ မသန်စွမ်းကလေး များ ဖြစ်သည်။ အဆိုပါစစ်တမ်းအရ မသန်စွမ်းကလေး ငါးသောင်းကျော်အနက် ၃၉.၅ % သာ ကျောင်းတတ်ရောက်ခဲ့ကြသည်။
၂၀၁၀ -၂၀၁၁ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန စာရင်းအရ မသန်စွမ်းကျောင်းနေသူ ကလေး ၈၀၁ ဦး သာရှိသည်။
၂၀၁၀ အမျိုးသား မသန်စွမ်းစစ်တမ်းအရ ပုံမှန်ကျောင်းနေသူ မသန်စွမ်းကလေးဦးရေအနက်
 ၆၆.၅ % သည် မူလတန်း၊
၂၂.၁ % သည် အလယ်တန်း၊
၈.၇ % သည် အထက်တန်း ပညာပြီးဆုံး ပြီး၊
၂.၂ % သာ ဘွဲ့ရသည်အထိ ပညာသင်ယူနိုင်ကြသည်။

                                                                       7 Days April 4. 2013

မသန်စွမ်း အထူးကျောင်းများ

မြန်မာနိုင်ငံတွင် မသန်စွမ်းများအတွက် ဖွင့်လှစ်ထားရှိသော မသန်စွမ်းအထူးကျောင်း ၁၇ ကျောင်းရှိသည်။ မျက်မမြင်များအတွက် အထူးကျောင်းများကို ရန်ကုန်၊ စစ်ကိုင်း၊ မိတ္ထိလာ၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ မုံရွာနှင့် ပခုက္ကူတို့တွင် လည်းကောင်း၊ နားမကြားသူများအတွက် အထူးကျောင်းများကို ရန်ကုန်နှင့် မန္တ လေးတို့တွင် လည်းကောင်း၊ ဥာဏ်ရည်မမှီသူများအတွက် အထူးကျောင်းကို ရန်ကုန်တွင်လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ကိုယ်အဂ်ါမသန်စွမ်းကလေးများအတွက် အထူးကျောင်းမရှိဘဲ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း များသာရှိသည်။ (လူမှုဝန်ထမ်း)
                                                                                     Bi Weekly Feb 18 2011


၂၀၀၈ ခုနှစ်၊ ကလေးမြို့၊ တာဟန်းမှာ သင်တန်း ပေးခဲ့စဉ်ကပါ။

စွန့်ပစ်ခံ ကလေးများ

ရန်ကုန်မြို့တွင် ၁၃ နှစ်အတွင်း စွန့်ပစ်ကလေး ၃၇၅ ဦး အထိရှိပြီး တစ်နှစ်လျှင် ပျှမ်းမျှ ၂၉ ဦး ခန့်ရှိသည်။
                           လူမှုဝန်ထမ်း ဦးစီးဌာန (ရန်ကုန်)

တစ်နိုင်ငံလုံး အတိုင်းအတာအရ လူမှုဝန်ထမ်း ဦးစီး ဌာနသို့ ရောက်ရှိလာသော စွန့်ပစ်ကလေးများမှာ ၂၀၀၉ ခုနှစ်တွင် ၆၉ ဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၆ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၅၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၆၈ ဦး ထိရှိလာသည်။
                         လူမှုဝန်ထမ်း ဦးစီးဌာန (နေပြည်တော်)

ဂေဟာများသို့ ရောက်ရှိလာသော ကလေးပုံစံငါးမျိုး

လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှုး (ကလေးသူငယ်) ဦးမျိုးဆက်အောင်၏ စာတမ်းအရ ဂေဟာသင်တန်းကျောင်းများသို့ ရောက်ရှိလာသည့် ပုံစံငါးမျိုးခွဲထားပြီး၊
မိဘနှစ်ပါးလုံးရှိလျက်နှင့် ရောက်ရှိလာသည့်ဦးရေ    - ၅၅၀၉ ဦး (၄၄.၁ %)
မိဘ နှစ်ပါးလုံး မရှိသူ                                       - ၂၇၄၈ ဦး ( ၂၂ %)
ဖခင်မရှိသူ                                                      - ၁၉၆၁ ဦး ( ၁၅.၇ %)
မိခင်မရှိသူ                                                      - ၁၆၁၂ ဦး ( ၁၂.၉ %)
အခြားအခြေအနေ                                            - ၆၆၁ ဦး ( ၅.၃ % )

၂၀၁၁ ခုနှစ်။ 7 days Sep 1

ကျောင်းအရေအတွက်

မြန်မာဆာဗေးသုတေသနအဖွဲ့၏ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၁၁ ဇန်န၀ါရီ ၁၆ ရက် အထိ သုတေသန ပြုချက်အရ
အစိုးရမှ ဖွင့်လှစ်ထားသော ဂေဟာနှင့်သင်တန်းကျောင်း       - ၁၄ ခု
ပုဂ္ဂလိကမှ ဖွင့်လှစ်ထားသော ဂေဟာနှင့် သင်တန်းကျောင်း  - ၁၃၃ ခု
ဗုဒ္ဓဘာသာ ပရဟိတကျောင်း                                          - ၆၂ ကျောင်း
ခရစ်ယာန် ပရဟိတကျောင်း                                           - ၂၉ ကျောင်း
ဘာသာရေးမဟုတ် အခြား ပရဟိတကျောင်း                      - ၅၆ ကျောင်း

ထိုကျောင်းများတွင် ၁၃ ကျောင်းက မှတ်ပုံတင်ဆဲဖြစ်သည်။ ကလေး ၃၀ မပြည့်ခြင်း၊ အဆောက်အဦး ပြည့်စုံကောင်းမွန်စွာ မရှိခြင်း၊ အုပ်ချုပ်မှုဆိုင်ရာ ပြည့်စုံမှုမရှိခြင်း၊ ငွေကျပ်သိန်း ၂၀ ပြည့်ရန် လိုအပ်ခြင်း စသည့် အားနည်းချက်များကြောင့် မှတ်ပုံတင်ခြင်း မပြုရသေးသော ကျောင်း ၂၄ ကျောင်းလဲပါ။

Tuesday, October 1, 2013

ငှက်အော်စမ်း

မြန်မာနိုင်ငံမှာရှိတဲ့ သက်ငယ်ပြစ်မှု ကျူးလွန်သူကလေးသူငယ်တွေကို အကျင့်စာရိတ္တပြုပြင်ပေးဖို့အတွက် ၁၉၃၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှာ ဘော်စတယ်နဲ့စီနီယာထရိန်နင်ကျောင်းကို သရက်မြို့မှာ စတင်ဖွင့်လှစ်ခဲ့။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်း အဲဒီကျောင်းကို ကလေးထောင် အသွင်နဲ့ ပေါင်းတည်မြို့ကိုတစ်ကြိမ်၊ ၁၉၅၁ မှာ သာယာဝတီမြို့ကို ထပ်မံပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၁၉၅၇ မှာ သရက်မြို့ကိုတစ်ကြိမ် ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့။ ၁၉၇၃ မှာ ယခုလက်ရှိတည်နေရာ ငှက်အော်စ မ်းကျေးရွာ၊ ဒေလဆာ မိဘမဲ့ဂေဟာ အဆောက်အအုံကို ပြောင်းရွှေ့ခဲ့ပြီး ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့။ 
၂၀၁၁ သြဂုတ်လ စာရင်းအရ ငှက်အော်စမ်းတွင် ကလေးစုစုပေါင်း ၄၅၃ ဦး ရှိပြီး၊ ပြစ်ဒဏ်ကျ ၂၀၅ ဦးနှင့် လေလွင့်ကလေး ၂၄၈ ဦးရှိသည်။