Saturday, March 30, 2013

နန့်လင်းမိုင်ရွာ ကျောင်းစိုက်ခင်းကလေးပါ။ ကလေးတွေကို အပင်တွေကို ချစ်အောင် ဒီလိုသင်ပေးဖို့လိုတယ်။

အခါရွာကလေး၊ ကျိုင်းတုံ


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသူကျောင်းသားများ ရဲ့ ကျောင်းဆင်းချိန်ကလေးမှာပါ။





ရွာကမိဘတွေ ၀ိုင်းလုပ်ပေးထားတဲ့ ကစားကွင်းထဲ ဘာပဲဖြစ်ဖြစ် သူတို့ပျော်ကြတယ်။ ပိုက်ဆံတွေ အများကြီးမလိုပါဘူး။ ကိုယ့်ကလေးတွေအတွက် တစ်ခုခုလုပ်ပေးနေရင်ပဲ...

Wednesday, March 27, 2013






စာသင်ကျောင်း ဆိုတာ ဘာလဲလို့သိချင်ရင် ဟောဒီဆရာမကိုသာ မေးကြည့်ပါ။ ကျွန်တော့်အတွက်တော့ ဒါဟာ တကယ့်စာသင်ကျောင်း။

ကျိုင်းတုံမြို့နယ်က နန့်လင်းမိုင်ရွာကလေးမှာပါ။ စပါးလှမ်းခြင်းကပဲ သူတို့ရဲ့သင်ခန်းစာ။ ပျော်နေတဲ့ မျက်နှာလေးတွေက ဖြူစင်အပြစ်ကင်းလို့။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ နန့်လင်းမိုင် ရွာမှ အာန်လူမျိုးကလေးတစ်ယောက်ရဲ့ ၀န်ထုပ်ဝန်ပိုးက ကြီးလှတယ်။ တောင်တက်ခရီးမှာ ကောက်ရိုးတွေ တစ်ပွေ့တစ်ပိုက်နဲ့။ စာသင်ကျောင်းဆိုတာ သူ့အတွက်တော့ သူနေထိုင်ရပ်တည်ရာ ၀န်းကျင်ကလေးမျှသာ....

Friday, March 8, 2013

ဝေဠုဝန်ကျောင်းက စာသင်ခန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ စာသင်ခန်း ကလေးပါ။ နိုဝင်ဘာလ (၈) ရက်၊ ၂၀၁၁ ခုနှစ်က ရိုက်ထားတာပါ။ အမိုးအကာ မရှိပေမဲ့ ကလေးတွေ က ပေါ့ပါးလန်းဆန်းလို့။ ကိုယ်ဖင်ခုထိုင်စရာ အုတ်ခဲလေးတွေ၊ သစ်သားခုံလေးတွေကို ကိုယ့် ဘာသာ နေရာတကျထားလို့။ စာသင်ပြီးတော့ ကျောက်သင်ပုန်းကြီး ကျောင်းဝန်းထဲ ပြန်ရွှေ့နဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။ ခုတော့ သူတို့လေးတွေ ဘယ်လိုနေမယ် မသိ။ ဒုက္ခသည် စခန်းတွေမှာ လား။ မိဘတွေရဲ့ အပြောင်းအရွှေ့တွေနောက် ပါသွားကြပြီလား။ ဘယ်နှစ်ယောက်များ ကျောင်းပြန်    ရောက်နေကြပြီလဲ။ ရောက်တဲ့ကလေးတွေက ရော အရင်လို......

ဒီ ဘလော့ထဲက အကြောင်းတွေက....

ကျွန်တော် သွားခဲ့ဖူးတဲ့ ခရီးတွေ...
ဖြတ်သန်းခဲ့ဖူးတဲ့ နေရာတွေ....
စာသင်ကြားဖို့ အခက်အခဲ ဖြစ်နေတဲ့ ကလေးတွေ....
သူတို့ရဲ့ နွမ်းပါးရှာတဲ့ မိဘတွေ...
အထောက်အပံ့နည်းရှာတဲ့အထဲက  ကြိုးစားရှာတဲ့ သူတို့ရဲ့ ဆရာတွေ...
စိတ်ဝင်စားဖွယ် သင်ယူမှု ၀န်းကျင်ကလေးတွေ...
ဘ၀ရုန်းကန်မှု ဖြစ်စဉ်တွေ...
ဒေသဆိုင်ရာ ဓလေ့ထုံးစံတွေ...
သူတို့သူတို့တွေရဲ့ ပညာရေးပေါ်အမြင်တွေ...ပါ။
ပညာရေးသတင်းအတိုအထွာတွေလည်း ပါမယ်ပေါ့။