Sunday, December 29, 2013
မသန်ပေမဲ့ စွမ်းသူကလေး
လားရှိုးမြို့ကနေ ၁၅ မိုင်အကွာမှာ ရှိတဲ့ လွိုင်တောက်ကျေးရွာကလေးမှာပါ။ လားဟူရွာကလေးပေါ့။ ရွာကလေးကဆင်းရဲပေမဲ့ ECCD ကျောင်းကလေးကို စနစ်တကျ ဖွင့်လှစ်လို့။ အဲဒီကျောင်းကလေးမှာ မသန်ပေမဲ့ စွမ်းတဲ့ ဒီကလေးကို ကြည့်ပြီး ကျွန်တော်စာရေးမပျင်းချင်တော့။ သားရေ...မင်းလက်ကလေးနဲ့ ကမ္ဘာကြီးကို အလှဆင်တော့။
Tuesday, October 15, 2013
ဘ၊က ကျောင်းစာရင်း (သာထွန်းပြန့် ၂၀၁၁-၂၀၁၂)
မူလတန်းကျောင်း - ၁၁၀၈
မူလွန်ကျောင်း - ၂၉၃
အလယ်တန်း - ၁၁၂
အထက်တန်း - ၂
စုစုပေါင်း - ၁၅၁၅ ကျောင်း
မူလွန်ကျောင်း - ၂၉၃
အလယ်တန်း - ၁၁၂
အထက်တန်း - ၂
စုစုပေါင်း - ၁၅၁၅ ကျောင်း
မန္တလေးတိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများစာရင်း
မေလ (၈) ရက် ၂၀၁၃ ခုနှစ်စာရင်း
မူလတန်း - ၂၂၉ ကျောင်း
- ၄၅၃၈၀ ကျောင်းသား
မူလွန်နှင့် အလယ် - ၁၀၁ ကျောင်း
- ၁၃၃၄၉ ကျောင်းသား
အထက်တန်း - ၂ ကျောင်း
- ၄၁၆၅ ကျောင်းသား
မူလတန်း - ၂၂၉ ကျောင်း
- ၄၅၃၈၀ ကျောင်းသား
မူလွန်နှင့် အလယ် - ၁၀၁ ကျောင်း
- ၁၃၃၄၉ ကျောင်းသား
အထက်တန်း - ၂ ကျောင်း
- ၄၁၆၅ ကျောင်းသား
Monday, October 14, 2013
Sunday, October 13, 2013
မသန်စွမ်းကျောင်းနေသူ ကလေးဦးရေ
၂၀၀၅ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မသန်စွမ်းကလေးများဆိုင်ရာ ပညာရေးစစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၅ နှစ် ကျောင်းနေအရွယ်ကလေးများအနက် ၅၁၁၁၄ ဦးမှာ မသန်စွမ်းကလေး များ ဖြစ်သည်။ အဆိုပါစစ်တမ်းအရ မသန်စွမ်းကလေး ငါးသောင်းကျော်အနက် ၃၉.၅ % သာ ကျောင်းတတ်ရောက်ခဲ့ကြသည်။
၂၀၁၀ -၂၀၁၁ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန စာရင်းအရ မသန်စွမ်းကျောင်းနေသူ ကလေး ၈၀၁ ဦး သာရှိသည်။
၂၀၁၀ အမျိုးသား မသန်စွမ်းစစ်တမ်းအရ ပုံမှန်ကျောင်းနေသူ မသန်စွမ်းကလေးဦးရေအနက်
၆၆.၅ % သည် မူလတန်း၊
၂၂.၁ % သည် အလယ်တန်း၊
၈.၇ % သည် အထက်တန်း ပညာပြီးဆုံး ပြီး၊
၂.၂ % သာ ဘွဲ့ရသည်အထိ ပညာသင်ယူနိုင်ကြသည်။
7 Days April 4. 2013

မသန်စွမ်း အထူးကျောင်းများ
မြန်မာနိုင်ငံတွင် မသန်စွမ်းများအတွက် ဖွင့်လှစ်ထားရှိသော မသန်စွမ်းအထူးကျောင်း ၁၇ ကျောင်းရှိသည်။ မျက်မမြင်များအတွက် အထူးကျောင်းများကို ရန်ကုန်၊ စစ်ကိုင်း၊ မိတ္ထိလာ၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ မုံရွာနှင့် ပခုက္ကူတို့တွင် လည်းကောင်း၊ နားမကြားသူများအတွက် အထူးကျောင်းများကို ရန်ကုန်နှင့် မန္တ လေးတို့တွင် လည်းကောင်း၊ ဥာဏ်ရည်မမှီသူများအတွက် အထူးကျောင်းကို ရန်ကုန်တွင်လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ကိုယ်အဂ်ါမသန်စွမ်းကလေးများအတွက် အထူးကျောင်းမရှိဘဲ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း များသာရှိသည်။ (လူမှုဝန်ထမ်း)
Bi Weekly Feb 18 2011
Bi Weekly Feb 18 2011
စွန့်ပစ်ခံ ကလေးများ
ရန်ကုန်မြို့တွင် ၁၃ နှစ်အတွင်း စွန့်ပစ်ကလေး ၃၇၅ ဦး အထိရှိပြီး တစ်နှစ်လျှင် ပျှမ်းမျှ ၂၉ ဦး ခန့်ရှိသည်။
လူမှုဝန်ထမ်း ဦးစီးဌာန (ရန်ကုန်)
တစ်နိုင်ငံလုံး အတိုင်းအတာအရ လူမှုဝန်ထမ်း ဦးစီး ဌာနသို့ ရောက်ရှိလာသော စွန့်ပစ်ကလေးများမှာ ၂၀၀၉ ခုနှစ်တွင် ၆၉ ဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၆ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၅၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၆၈ ဦး ထိရှိလာသည်။
လူမှုဝန်ထမ်း ဦးစီးဌာန (နေပြည်တော်)

ဂေဟာများသို့ ရောက်ရှိလာသော ကလေးပုံစံငါးမျိုး
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှုး (ကလေးသူငယ်) ဦးမျိုးဆက်အောင်၏ စာတမ်းအရ ဂေဟာသင်တန်းကျောင်းများသို့ ရောက်ရှိလာသည့် ပုံစံငါးမျိုးခွဲထားပြီး၊
မိဘနှစ်ပါးလုံးရှိလျက်နှင့် ရောက်ရှိလာသည့်ဦးရေ - ၅၅၀၉ ဦး (၄၄.၁ %)
မိဘ နှစ်ပါးလုံး မရှိသူ - ၂၇၄၈ ဦး ( ၂၂ %)
ဖခင်မရှိသူ - ၁၉၆၁ ဦး ( ၁၅.၇ %)
မိခင်မရှိသူ - ၁၆၁၂ ဦး ( ၁၂.၉ %)
အခြားအခြေအနေ - ၆၆၁ ဦး ( ၅.၃ % )
၂၀၁၁ ခုနှစ်။ 7 days Sep 1

ကျောင်းအရေအတွက်
မြန်မာဆာဗေးသုတေသနအဖွဲ့၏ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၀၁၁ ဇန်န၀ါရီ ၁၆ ရက် အထိ သုတေသန ပြုချက်အရ
အစိုးရမှ ဖွင့်လှစ်ထားသော ဂေဟာနှင့်သင်တန်းကျောင်း - ၁၄ ခု
ပုဂ္ဂလိကမှ ဖွင့်လှစ်ထားသော ဂေဟာနှင့် သင်တန်းကျောင်း - ၁၃၃ ခု
ဗုဒ္ဓဘာသာ ပရဟိတကျောင်း - ၆၂ ကျောင်း
ခရစ်ယာန် ပရဟိတကျောင်း - ၂၉ ကျောင်း
ဘာသာရေးမဟုတ် အခြား ပရဟိတကျောင်း - ၅၆ ကျောင်း
ထိုကျောင်းများတွင် ၁၃ ကျောင်းက မှတ်ပုံတင်ဆဲဖြစ်သည်။ ကလေး ၃၀ မပြည့်ခြင်း၊ အဆောက်အဦး ပြည့်စုံကောင်းမွန်စွာ မရှိခြင်း၊ အုပ်ချုပ်မှုဆိုင်ရာ ပြည့်စုံမှုမရှိခြင်း၊ ငွေကျပ်သိန်း ၂၀ ပြည့်ရန် လိုအပ်ခြင်း စသည့် အားနည်းချက်များကြောင့် မှတ်ပုံတင်ခြင်း မပြုရသေးသော ကျောင်း ၂၄ ကျောင်းလဲပါ။

Tuesday, October 1, 2013
ငှက်အော်စမ်း
မြန်မာနိုင်ငံမှာရှိတဲ့ သက်ငယ်ပြစ်မှု ကျူးလွန်သူကလေးသူငယ်တွေကို အကျင့်စာရိတ္တပြုပြင်ပေးဖို့အတွက် ၁၉၃၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှာ ဘော်စတယ်နဲ့စီနီယာထရိန်နင်ကျောင်းကို သရက်မြို့မှာ စတင်ဖွင့်လှစ်ခဲ့။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်း အဲဒီကျောင်းကို ကလေးထောင် အသွင်နဲ့ ပေါင်းတည်မြို့ကိုတစ်ကြိမ်၊ ၁၉၅၁ မှာ သာယာဝတီမြို့ကို ထပ်မံပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၁၉၅၇ မှာ သရက်မြို့ကိုတစ်ကြိမ် ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့။ ၁၉၇၃ မှာ ယခုလက်ရှိတည်နေရာ ငှက်အော်စ မ်းကျေးရွာ၊ ဒေလဆာ မိဘမဲ့ဂေဟာ အဆောက်အအုံကို ပြောင်းရွှေ့ခဲ့ပြီး ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့။
၂၀၁၁ သြဂုတ်လ စာရင်းအရ ငှက်အော်စမ်းတွင် ကလေးစုစုပေါင်း ၄၅၃ ဦး ရှိပြီး၊ ပြစ်ဒဏ်ကျ ၂၀၅ ဦးနှင့် လေလွင့်ကလေး ၂၄၈ ဦးရှိသည်။
Saturday, May 11, 2013
Tuesday, April 2, 2013
မဲဆောက်သို့ လာကြသူများ
သောင်ရင်းမြစ်ကို ဒီလို နေ့စဉ်နှင့်အမျှ
လူတွေ မြ၀တီနဲ့မဲဆောက်ကို ကူးနေကြ။ (၅၀၀၀) လောက်နေ့စဉ် ကူးသန်းသွားလာ။
မဲဆောက်ဘက်ကမ်းက ရိုက်ထားတာပါ။ တရားမ၀င် ကူးသန်းသွားလာနေကြတာ လွယ်လွယ်ကူကူပါပဲ။
လူတွေ မြ၀တီနဲ့မဲဆောက်ကို ကူးနေကြ။ (၅၀၀၀) လောက်နေ့စဉ် ကူးသန်းသွားလာ။
မဲဆောက်ဘက်ကမ်းက ရိုက်ထားတာပါ။ တရားမ၀င် ကူးသန်းသွားလာနေကြတာ လွယ်လွယ်ကူကူပါပဲ။
တောခရီး
ဘာပုံလဲခန့်မှန်းကြပါတော့။ ဆရာမနှစ်ယောက်၊ လုပ်အားစေတနာရှင်တစ်ယောက်နဲ့ ကလေးတွေပေါ့။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်က ရွာလေးတွေကြား သွားနေကြရတာ။
နန့်လင်းကောင်ရွာက ရေချိုးဖို့စောင့်နေသော ကလေးနှစ်ဦး
နတ်ကိုးကွယ်တဲ့ အာန်လူမျိုးတွေရဲ့ ရွာလေးတစ်ရွာပါ။ တောင်ပေါ်ကရေကြောကနေ တစ်စက်စက်ကျနေတဲ့ ရေကိုချိုးဖို့ စောင့်နေကြတာပေါ့။ စာသင်ကျောင်းမရှိပါဘူး။ စာသင်ရင် မျက်လုံးကန်းတတ်တယ်တဲ့ အဲဒီရွာက နတ်ဆရာလုပ်သူက ပြောတယ်။ ခုတော့ နားလည်နေပါပြီတဲ့။ ကျောင်းတတ်သူ (၆) ဦး ရှိပါပြီ။ နောက်များတော့ အဲဒီရွာလေးအကြောင်း အသေးစိတ်ရေးပါဦးမည်။
Saturday, March 30, 2013
Wednesday, March 27, 2013
Friday, March 8, 2013
ဝေဠုဝန်ကျောင်းက စာသင်ခန်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ စာသင်ခန်း ကလေးပါ။ နိုဝင်ဘာလ (၈) ရက်၊ ၂၀၁၁ ခုနှစ်က ရိုက်ထားတာပါ။ အမိုးအကာ မရှိပေမဲ့ ကလေးတွေ က ပေါ့ပါးလန်းဆန်းလို့။ ကိုယ်ဖင်ခုထိုင်စရာ အုတ်ခဲလေးတွေ၊ သစ်သားခုံလေးတွေကို ကိုယ့် ဘာသာ နေရာတကျထားလို့။ စာသင်ပြီးတော့ ကျောက်သင်ပုန်းကြီး ကျောင်းဝန်းထဲ ပြန်ရွှေ့နဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။ ခုတော့ သူတို့လေးတွေ ဘယ်လိုနေမယ် မသိ။ ဒုက္ခသည် စခန်းတွေမှာ လား။ မိဘတွေရဲ့ အပြောင်းအရွှေ့တွေနောက် ပါသွားကြပြီလား။ ဘယ်နှစ်ယောက်များ ကျောင်းပြန် ရောက်နေကြပြီလဲ။ ရောက်တဲ့ကလေးတွေက ရော အရင်လို......
ဒီ ဘလော့ထဲက အကြောင်းတွေက....
ကျွန်တော် သွားခဲ့ဖူးတဲ့ ခရီးတွေ...
ဖြတ်သန်းခဲ့ဖူးတဲ့ နေရာတွေ....
စာသင်ကြားဖို့ အခက်အခဲ ဖြစ်နေတဲ့ ကလေးတွေ....
သူတို့ရဲ့ နွမ်းပါးရှာတဲ့ မိဘတွေ...
အထောက်အပံ့နည်းရှာတဲ့အထဲက ကြိုးစားရှာတဲ့ သူတို့ရဲ့ ဆရာတွေ...
စိတ်ဝင်စားဖွယ် သင်ယူမှု ၀န်းကျင်ကလေးတွေ...
ဘ၀ရုန်းကန်မှု ဖြစ်စဉ်တွေ...
ဒေသဆိုင်ရာ ဓလေ့ထုံးစံတွေ...
သူတို့သူတို့တွေရဲ့ ပညာရေးပေါ်အမြင်တွေ...ပါ။
ပညာရေးသတင်းအတိုအထွာတွေလည်း ပါမယ်ပေါ့။

Subscribe to:
Posts (Atom)